Tele-Health Care Program – Medic Line (Daughters Rising+ UK Doctors Collaboration) သတင်းကောင်းပါဗျို့ Daughters Rising အဖွဲ့အစည်းမှ UK ကျွမ်းကျင် Volunteer ဆရာဝန်များနဲ့အတူ ကျန်းမာရေးဆိုင်ရာ အခမဲ့မေးမြန်းနိုင်မှူနှင့် ဆေးညွှန်းစာရွက်အပါ ဆေးရုံ၊ ဆေးခန်းများတည်ရှိရာနေရာများကို အကြံပေးနိုင်ရန်အတွက် Tele-Health Care Service ကို စတင်မိတ်ဆက်ပေးလိုက်ပါသည်။ Medic Line Callers Tele Health Care Service မှ ဘာတွေရနိုင်မလဲ
Online Free Consultation – အပတ်စဉ်တနင်္ဂနွေနေ့တိုင်း Facebook Channel မှတစ်ဆင့် UK ကျွမ်းကျင်ဆရာဝန်များက လူနာများ၏ကျန်းမာရေးဆိုင်ရာ မေးမြန်းချက်များကို ဖုန်းခေါ်ပြီး ဖြေကြားပေးမည်ဖြစ်ပါသည်။ ဘယ်လိုအကျိုးဆောင်မှူတွေပါမလဲ
အခြေခံ ကျန်းမာရေးဆိုင်ရာအကြံပြုချက်များ
ဆေးရုံ ဆေးခန်းသို့ လွယ်ကူစွာ မသွားရောက်နိုင်သူများအတွက် ဆွေးနွေးပေးသည်။
လိုအပ်ပါက ဆေးညွှန်းရေးပေးပြီး နီးစပ်ရာ ဆေးဆိုင်တွင် ဝယ်ယူနိုင်မည်။
အထူးကုဆရာဝန်များထံ ပြသနိုင်ရင် လမ်းညွှန်ပေးခြင်း။
ခွဲစိတ်မှူများ လိုအပ်ပါက အကောင်းဆုံးကူညီပံ့ပိုးပေးနိုင်ရင် ကြိုးစားဆောင်ရွက်ပေးခြင်း။ ဦးစားပေးသော်လူနာများ
ဆေးရုံ/ခန်း ဝေးပြီး သွားရန်အခက်အခဲရှိသူများ
ဆရာဝန်နှင့်ပြသရန် ငွေကြေးမတတ်နိုင်သူများ
ကျန်းမာရေးဝန်ဆောင်မှူ မလုံလောက်သည့်နေရာ အထူးသဖြင့် တိုင်းရင်းသားနယ်မြေ ဒေသခံများ မှတ်ချက်
· လူနာများအနေဖြင့် Page တွင် တိုက်ရိုက်မေးမြန်နိုင်သလို ဆရာဝန်များနှင့် တိုက်ရိုက်ပြောလိုပါ က ကြိုတင် booking ယူထားနိုင်ပါသည်။ · ကြိုတင်booking ယူခြင်းအားဖြစ် ဆွေးနွေးတိုင်ပင်လိုသော ကျား/မ ဆရာဝန် တောင်းဆိုနိုင်သည်။ Tele-Health Care Service မှ မည်သို့အကျိုးရှိမည်နည်း
လူနာများအနေဖြင့် ကျန်းမာရေးနှင့် သက်ဆိုင်သော မေးခွန်းများ မေးမြန်းခွင့်ရခြင်း။
နီးစပ်ရာဆေးဆိုင်တွင် ဆေးဝယ်ယူနိုင်ရန် ဆေးညွှန်းရရှိခြင်း။
အထူးကုဆရာဝန် ဆေးရုံသို့ သင့်လျော်စွာလမ်းညွှန်ခြင်း။ ကျန်းမာရေးအခက်အခဲများကို လျင်မြန်စွာ ဖြေရှင်းနိုင်ခြင်း။
Lend your voice to end trafficking and violence against women. Connect, speak up, raise awareness in your community.
We respect your privacy.